Open Digital Rights Space (OPENDR) သည်လူသားအားလုံး၏ ဒီဂျစ်တယ်ဆိုင်ရာလုံခြုံရေးကို ကာကွယ်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ထားသောပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ မတူကွဲပြားသော လူ့အဖွဲ့အစည်းအသီးသီးမှ အသုံးပြုနိုင်ရန်အတွက် ဘာသာစကားအမျိုးမျိုးဖြင့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကို မျှဝေပေးလျက်ရှိသည်။ ဒီဂျစ်တယ်အခွင့်အရေးအတွက် တက်ကြွစွာစည်းရုံးလှုံ့ဆော်ပြီး ပြည်သူ့အခြေပြုအရပ်ဖက်အဖွဲ့အစည်းများ၏ စိုးရိမ်မှုများကို အဘက်ဘက်မှ ကူညီပံ့ပိုးပေးလျက်ရှိသည်။